ဘဝနွံထဲ မမောမပမ်း
ကြိုးစားရုန်းထွက် သားတို့တွက်ရယ်
လမ်းကလည်းကြမ်း သမီးတို့တွက်
နွေနေပူအောက် အမေလျှောက်လို့...
အမေ့မာန ဘယ်ခါမချ
များသူငါလို နေထိုင်ဖို့ရေး
အမေမျှော်တွေးကာ ချစ်သားချစ်သမီး
ဘဝအလှ ပြည့်ဝစေလို........
ဘဝရထား ပျော်ပျော်စီးကာ
သားသမီးရေး ရှေ့တမ်းတင်ထား
တရားအရိပ် မရောက်နိုင်ဘူး
ပင်ပမ်းကြီးစွ အိုဘယ့်အမေရယ်……
အမေ့မေတ္တာ စီးဆင်းအမြဲ
မပြတ်အစဉ် သားတို့ရင်ဝယ်
သမီးတို့ရင်ခွင် ချမ်းမြအေးကြည်
စမ်းရေပမာ အမေ့မေတ္တာ.............
သားတို့သမီးတို့ အစဉ် ရိုသေ
မာတာမိခင် ကျေးဇူးရှင်အား
ဤကဗျာနှင့် ရှိခိုးဦးခိုက်
ကန်တော့လိုက်ရပါ သည်….....
အိုဘယ့် အမေ။ ။
ခွန်ခမ်းစံ(18/09/2013)
No comments:
Post a Comment